2024-03-28T20:51:40Z
https://meral.edu.mm/oai
oai:meral.edu.mm:recid/00008084
2021-12-13T08:13:10Z
1607959986665
1607959986665:1608033608608
မြန်မာကဗျာအချို့ကပေးသော ရသခံစားမှုနှင့် အသိအမြင်များ
သန်းသန်းဝင်း
ဤစာတမ်းတွင် မြန်မာကဗျာအချို့ကပေးသော ရသခံစားမှုနှင့် အသိအမြင်များကို လေ့လာတင်ပြထားပါသည်။ ကဗျာများမှတစ်ဆင့် ဘဝပတ်ဝန်းကျင်ကို မြင်တွေ့နိုင်သည်။ အပြန့်ကျယ်သော လောကအကြောင်းကိုလည်း သိရှိနိုင်သည်။ နှစ်သက်ခြင်းရသကိုလည်း ခံစားရသည်။ ဘဝအသိအမြင် အာနိသင်ကိုလည်း ပေးစွမ်း နိုင်သည်။ ကဗျာ၏ လွှမ်းမိုးမှုအာနိသင်မှာ အစွမ်းထက်လှ၍ ကဗျာကပေးသည့် ခံစားမှုနှင့် အသိအမြင်ကို တင်ပြလိုပါသည်။ ဤသို့ လေ့လာတင်ပြရာ၌ ပုဂံခေတ်စာဆို အနန္တသူရိယအမတ်၏ “သူတည်းတစ် ယောက်” ချီ မျက်ဖြေလင်္ကာ၊ ညောင်ရမ်းခေတ်စာဆို တောင်တွင်းရှင်ငြိမ်းမယ်၏ “ငါ့ကိုကွယ် အမယ်ကြီး နဲ့ဘကြီးဖျက်လို့”ချီ အိုင်ချင်း၊ ခေတ်စမ်းစာဆို မင်းသုဝဏ်၏ “ဖိုးမောင်လာပြီ”၊ ဆရာဇော်ဂျီ၏ “လှိုင်းကလေးသင်”၊ ဆရာမ ငွေတာရီ၏ “သူရဲကောင်းသုံးယောက်နှင့် ခရီးသည်” ကဗျာ(၅)ပုဒ်၏ ရသခံစားမှုနှင့် ကဗျာကပေးသော အသိအမြင်များကို လေ့လာတင်ပြထားပါသည်။ ဤသို့ တင်ပြရာတွင် ကဗျာဖွဲ့ပုံနည်းစနစ်များကို လေ့လာတင်ပြမည်မဟုတ်ဘဲ ကဗျာများကို ဖတ်ရှုခြင်းဖြင့် ဖြစ်ပေါ်လာသည့် နှစ်သက်ခြင်းရသခံစားမှုနှင့် ကဗျာကပေးသော အသိအမြင်အပိုင်းကို အဓိကထား၍ လေ့လာတင်ပြထား ပါသည်။
2018-12-01
https://meral.edu.mm/records/8084