<?xml version='1.0' encoding='UTF-8'?>
<OAI-PMH xmlns="http://www.openarchives.org/OAI/2.0/" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://www.openarchives.org/OAI/2.0/ http://www.openarchives.org/OAI/2.0/OAI-PMH.xsd">
  <responseDate>2026-06-03T16:58:09Z</responseDate>
  <request verb="GetRecord" identifier="oai:meral.edu.mm:recid/00012011" metadataPrefix="oai_dc">https://meral.edu.mm/oai</request>
  <GetRecord>
    <record>
      <header>
        <identifier>oai:meral.edu.mm:recid/00012011</identifier>
        <datestamp>2025-10-27T04:31:12Z</datestamp>
        <setSpec>1704332180226</setSpec>
        <setSpec>1704332180226:1704446865938</setSpec>
      </header>
      <metadata>
        <oai_dc:dc xmlns:dc="http://purl.org/dc/elements/1.1/" xmlns:oai_dc="http://www.openarchives.org/OAI/2.0/oai_dc/" xmlns="http://www.w3.org/2001/XMLSchema" xsi:schemaLocation="http://www.openarchives.org/OAI/2.0/oai_dc/ http://www.openarchives.org/OAI/2.0/oai_dc.xsd">
          <dc:title>ညီပုလေး၏ “ဖင်စီခံနေ့စဉ်နှင့်အခြားဝတ္ထုတိုများ”လာ စကားသုံးနှုန်းဟန်လေ့လာချက်</dc:title>
          <dc:creator>သဉ္ဇာဖြိုးထွေး</dc:creator>
          <dc:description>ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်၊ စကားပြေကဏ္ဍ၊ ဝတ္ထုတိုအမျိုးအစားတွင် ပါဝင်သော ညီပုလေး၏ဝတ္ထုတိုများမှ စကားသုံးနှုန်းဟန်များကို ရေးဟန်ပညာဖြင့် လေ့လာတင်ပြထားသော စာတမ်းဖြစ်ပါသည်။ ၂၀၁၆-ခုနှစ်၊ ရန်ကုန်မြို့၊ စိတ်ကူးချိုချို ပုံနှိပ်တိုက်မှ ထုတ်ဝေသော ညီပုလေး၏ဖင်စီခံနေ့စဉ်နှင့် အခြားဝတ္ထုတိုများ စာအုပ်၌ ပါဝင်သည့်ဝတ္ထုတို (၄၉)ပုဒ်မှ (၃)ပုဒ်ကို အလေ့လာခံအဖြစ်ထားရှိပါသည်။        ရည်ရွယ်ချက်မှာ စာပေနယ်ပယ်၊ ဝတ္ထုတိုများတွင်တွေ့ရသော စကားသုံးနှုန်းဟန် များ၏ အရေးပါပုံကို ဖော်ထုတ်တင်ပြလိုခြင်းဖြစ်ပါသည်။ သုတေသနအမျိုးအစားမှာ အခြေခံသုတေသန(Basic research)ဖြစ်သည်။ သုတေသနဒီဇိုင်းမှာ  အကဲဖြတ် သုတေသနဒီဇိုင်း (evaluation research design)ကို အသုံးပြုထားပါသည်။ သုတေသန နည်းနာမှာ ဆန်းစစ်လေ့လာနည်း (survey method)၊ ရှိပြီးအချက်အလက်များ အပေါ် အခြေပြုလေ့လာနည်း (use of available data) တို့ဖြစ်သည်။ ပညာရပ်နည်းနာမှာ ၂၀၁၁-ခုနှစ်၊ ရန်ကုန်မြို့၊ စိတ်ကူးချိုချိုပုံနှိပ်တိုက်မှ ထုတ်ဝေသော မောင်ခင်မင် (ဓနုဖြူ)၏ ရေးဟန်ပညာနိဒါန်းစာအုပ်မှ စကားသုံးနှုန်းဟန်များဖြင့် ချိန်ထိုးလေ့လာ တင်ပြမည်ဖြစ်ပါမည်။ ညီပုလေး၏ ဝတ္ထုတိုများတွင် စကားသုံးနှုန်းဟန်များသည် စာရေးသူတင်ပြလိုသော အကြောင်းအရာကိုပေါ်လွင်စေသည်။ ဦးတည်ချက်ကို ဖော်ဆောင်ရာတွင် ပေါ်လွင်အောင် ထောက်ပံ့ပေးနိုင်သည့် ရေးဟန်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဤစာတမ်းသည် ညီပုလေး၏ ဝတ္ထုတိုများမှ စကားသုံးနှုန်း ဟန်ကို လေ့လာလိုသူများအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။</dc:description>
          <dc:date>2025-03-05</dc:date>
          <dc:identifier>https://meral.edu.mm/records/12011</dc:identifier>
        </oai_dc:dc>
      </metadata>
    </record>
  </GetRecord>
</OAI-PMH>
