<?xml version='1.0' encoding='UTF-8'?>
<OAI-PMH xmlns="http://www.openarchives.org/OAI/2.0/" xmlns:xsi="http://www.w3.org/2001/XMLSchema-instance" xsi:schemaLocation="http://www.openarchives.org/OAI/2.0/ http://www.openarchives.org/OAI/2.0/OAI-PMH.xsd">
  <responseDate>2026-06-27T19:47:03Z</responseDate>
  <request verb="GetRecord" identifier="oai:meral.edu.mm:recid/00009021" metadataPrefix="oai_dc">https://meral.edu.mm/oai</request>
  <GetRecord>
    <record>
      <header>
        <identifier>oai:meral.edu.mm:recid/00009021</identifier>
        <datestamp>2023-09-05T07:31:16Z</datestamp>
        <setSpec>1607959986665</setSpec>
        <setSpec>1607959986665:1608033491973</setSpec>
      </header>
      <metadata>
        <oai_dc:dc xmlns:dc="http://purl.org/dc/elements/1.1/" xmlns:oai_dc="http://www.openarchives.org/OAI/2.0/oai_dc/" xmlns="http://www.w3.org/2001/XMLSchema" xsi:schemaLocation="http://www.openarchives.org/OAI/2.0/oai_dc/ http://www.openarchives.org/OAI/2.0/oai_dc.xsd">
          <dc:title>အခြေခံဘောဂဗေဒသဘောတရားနှင့်၎င်း၏စည်းမျဉ်းများ အပိုင်း(၁)</dc:title>
          <dc:creator>ဇော်ထက်ပိုင်</dc:creator>
          <dc:description>Economy ဆိုသော စီးပွားရေးဝေါဟာရသည် ဂရိဘာသာစကားဖြစ်သည့် “Oikonomos” စကားလုံးမှ ဆင်းသက်လာပါသည်။ မူရင်းအဓိပ္ပာယ်မှာ “အိမ်ထောင်စု တစ်စုအားစီမံခန့်ခွဲသူ” ဖြစ်သည်။ အိမ်ထောင်စုများနှင့် စီးပွားရေးအဆောက်အအုံများမှာ မခွဲဘဲ အမြဲတွဲနေသည့် လင်မယားများပင်ဖြစ်သည်။ အိမ်ထောင်စုတစ်စုအား ထိန်းကျောင်း စီမံရသကဲ့သို့ လူ့အဖွဲ့အစည်း၊ တိုင်းပြည်၊ နိုင်ငံတို့၏ ရှိနေသော သယံဇာတရင်းမြစ်များ၊ ဝင်ငွေများကို စီမံခန့်ခွဲရသည်မှာလည်း လွန်စွာအရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရင်းအမြစ် တို့မှာ လိုချင်သလောက် ပေါများစွာတည်မရှိနေ၍ဖြစ်သည်။ လူ့အဖွဲ့အစည်း တိုင်းသည် သယံဇာတ အရင်းအမြစ်များ အကန့်အသတ်ဖြင့် ရှိကြသောကြောင့် လိုချင်သည့်ကုန်စည်တိုင်း မထုတ်လုပ်နိုင်ပေ။ ထို့ကြောင့် စီးပွားရေးပညာဆိုသည်မှာ ရှားပါးရင်းမြစ်တို့အား စီမံခန့်ခွဲခြင်းဟုဆိုနိုင်သည်။ ၂၁ ရာစုတွင် နိုင်ငံအများစု၊ လူ့အဖွဲ့အစည်းအများစု၌ ရှိနေသည့် ပိုင်ဆိုင်နေသည့် ဘက်ဂျက်များ၊ သယံဇာတများကို အုပ်ချုပ်သူ၊ အာဏာရှိသူက သူ့စိတ်ကြိုက် ခွဲဝေစီမံခြင်းမဟုတ်ပါ။ လူ့အဖွဲ့အစည်း၊ တိုင်းပြည်၊ နိုင်ငံတို့တွင် ပါဝင်နေသော အိမ်ထောင်စုများ၊ ပြည်သူများ၊ လုပ်ငန်းများနှင့် အုပ်ချုပ်သူခေါင်းဆောင်များ၏ ဆန္ဒများဖြင့်သာ ခွဲဝေစီမံပါသည်။ တိုင်းပြည်များ၏ စီးပွားရေးအခြေအနေများသည် လူတစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်များ၊ လုပ်ရှားရုန်းကန်မှုများ၊ လောကဓံအပေါ် ပြန်လည်တုံ့ပြန်မှု အမူအကျင့် များကို ထင်ဟပ်စေသောကြောင့် လူတစ်ဦးချင်းစီ၏ ဆုံးဖြတ်လုပ်ကိုင်မှုဆိုင်ရာ စည်းမျဉ်း (၅)ချက်ဖြင့် ဤစာစုကို စတင်မိတ်ဆက်ပါမည်။</dc:description>
          <dc:identifier>https://meral.edu.mm/records/9021</dc:identifier>
        </oai_dc:dc>
      </metadata>
    </record>
  </GetRecord>
</OAI-PMH>
